ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးရုံး UNOCHA (မြန်မာရုံး) မှ Head of Office ဖြစ်သူ လာရောက်တွေ့ဆုံ

နေပြည်တော်၊ မတ်လ ၃၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးရုံး UNOCHA (မြန်မာရုံး) မှ Head of Office ဖြစ်သူ Mr. Mark Cutts သည် ယနေ့နေ့လည် (၃) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း၍ နယ်စပ်ဒေသများရှိ IDPs များအား လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ အောင်မြင်ဖြစ်ထွန်းမှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက် လူ့အဖွဲ့အစည်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေး နေမှုများ၊ ဒေသအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုများ၊ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် UNOCHA တို့အကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။