ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် ၂၀၁၈ မတ် ၁၇
     ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ အလုပ်သဘော လေ့လာရေးခရီး သွားရောက်ခဲ့သော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Ho Chi Minh မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မတ်လ ၁၃ ရက်နေ့တွင် Quang Ninh ပြည်နယ် ပြည်သူ့ကော်မတီ အကြီးအကဲ   Ms. Vu Thi Thu Thuy၊ မတ်လ ၁၄ ရက်နေ့တွင် Nha Trang ပြည်နယ် ပြည်သူ့ကော်မတီ အကြီးအကဲ Mr. Nguyen Duy Bac ၊ မတ်လ ၁၆ ရက်နေ့တွင် Ho Chi Minh City ပြည်သူ့ကော်မတီအကြီးအကဲ Mr. Vo Van Hoan တို့နှင့် အသီးသီးတွေ့ဆုံ၍ နှစ်နိုင်ငံ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

Post Paragraph