ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် နှင့် ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၁၇-၁-၂၀၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ‌ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူ ရေး အထူးဇုန် (၃)ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၏ စားသောက်ရေးနှင့် သက်သာချောင်ချိ ရေးအား အထောက်အကူ ဖြစ်စေရန်အတွက်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့သည်။
    ၁၈-၁-၂၀၂၂ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ လက်ရှိပညာသင်ကြားရေးကာလတွင် ပညာရပ်များကို ကြိုးစားသင်ယူရေး၊ နိုင်ငံ၏သမိုင်းကြောင်းနှင့် ပထဝီဝင်အနေအထား ၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေတို့ကို မှန်ကန်စွာသိရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် တို့ အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ရေး၊ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပီသစွာ တာဝန်ထမ်း ဆောင်ရေး၊ တိုင်းရင်းသား စည်လုံးညီညွတ်ရေးကို အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရေး စသည်တို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။
    ထို့နောက်ဒီဂရီကောလိပ်အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီး ဦးထိန်လင်းက ဒီဂရီကောလိပ်၏ စီမံခန့်ခွဲရေး၊
သင်ကြားရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ/ ဌာနမှူးများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် A.G.T.I (ဒီပလိုမာ) ဒုတိယနှစ်(ဒုတိယနှစ်ဝက်)သင်တန်းများတွင် တက်ရောက်လျက်ရှိသည့်ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းအတွင်း COVID-19 စည်းကမ်းချက်များနှင့်အညီ သင်ကြားနေမှု၊ ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းအား အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက် ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင်  ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟို လေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး သင်တန်းခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာ စကားပြောကြားခဲ့သည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စားရိပ်သာများ၊ အိပ်ဆောင်များနှင့် သက်ကြီး ရွယ်အိုပြုစုစောင့်ရှောက်ရေး သင်တန်းဖွင့်လှစ်မည့် စာသင်ဆောင်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များမှာကြားခဲ့ပါသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်နှင့် အဆင့်မြင့်စက်ချုပ်နည်းပြ သင်တန်းပို့ချနေမှုများအားလည်းကောင်း၊ ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာတွင် ဆောင်ရွက်လျက် ရှိသည့် Green House များနှင့် ငါးကန်တွင် ငါးမွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ 
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိ၍ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ခရိုင်ရုံး သိုလှောင်ရုံတွင် ထိန်းသိမ်းထားရှိသော ယာဉ်၊ ယန္တရားကြီးများ အသုံးပြုနိုင်မှုနှင့် ကြံ့ခိုင်မှုထိန်းသိမ်း ဆောင်ရွက်ထား ရှိမှုအခြေအနေများ၊ သိုလှောင်ထားရှိသည့် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ၏ အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး ယာဉ်၊ ယန္တရားကြီးများ၏ ထိန်းသိမ်းထားရှိမှုနှင့် ကြံ့ခိုင်မှုတို့ကို  စစ်ဆေး၍ ဝန်ထမ်းမိသားစု 

ဝင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ရာသီသီးနှံစိုက်ခင်းများ၊ ကြက်ခြံများနှင့် ငါးမွေးမြူရေးကန် တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload