မတ်လ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများလမ်းပန်းဆက်သွယ်ရေးကဏ္ဍကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၉၃ ဒသမ ၃၃၂ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လန်းတောင်ကျေးရွာအုပ်စုနှင့် မကပ်မုံကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်မြေသားလမ်း ၂ မိုင် ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများအား ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့သည် ယနေ့ နေ့လည်ပိုင်း တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ လမ်းဖောက်လုပ်ပြီးစီးခဲ့မှုကြောင့် ပူတာအိုမြို့နယ်အတွင်းရှိ လန်းတောင်ကျေးရွာ အုပ်စုနှင့် မကပ်မုံကျေးရွာအုပ်စုများရှိ ကျေးရွာ ၁၁ ရွာ၊ အိမ်ထောင်စု ၉၈၁ စု၊ လူဦးရေ ၅၅၉၇ ဦး တို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် များစွာ အကျိုးပြုပေးမည်ဖြစ်ပါကြောင်း ဒေသခံပြည်သူများထံမှ သိရှိရပါသည်။