ရေး မေ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများသည် ရေးမြို့နယ် အတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုး ရေးလုပ်ငန်းများကို မေ ၈ ရက် က လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ ကြသည်။
ရေးမြို့နယ်အတွင်းရှိ နယ်စပ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် မော့ကနင်-ဘဲလမု-ကလိတ်တုတ်- ဘီဆိုင် - ကွမ်းသီးတောလမ်း အရှည် (၂/၀)မိုင် ကျောက်ခင်းခြင်း လုပ်ငန်း နှင့် ယင်းလမ်းပေါ်ရှိ သဘာဝဘေး ကြောင့် ပျက်စီးခဲ့သော ပေ ၂၀ ကွန်ကရစ်တံတား ပြင်ဆင်ခြင်း လုပ်ငန်း၊ ပလိုင်သိမ် - နှီးနူ - သာဂရမ်- အံဒင်ကျေးရွာချင်းဆက်လမ်း အရှည် (၁/၀)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း၊ အစင် ကျေးရွာရွာတွင်းလမ်း ပေ ၂၃၀၀ ကတ္တရာခင်းခြင်း လုပ်ငန်း၊ ကဗျာဝ-တရုတ်ထောက် မြေသား လမ်း(၂/၄)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်း၊ သဲခုံ - တိုးတက်ရွာသစ် လမ်းအရှည် (၁/၇)မိုင် ကတ္တရာခင်း ခြင်းလုပ်ငန်း၊ ချောင်းတောင်-ဝဲရက် လမ်းအရှည်(၁/၀)မိုင် ကွန်ကရစ်ခင်း ခြင်းလုပ်ငန်း၊ ကျောင်းရွာကျေးရွာ လေးလက်မစက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းနှင့် ရေးမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာ လေးလက်မစက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများပါဝင်ကြောင်း သိရသည်။
ရေး(ပြန်/ဆက်)