နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၉၉ ဒသမ ၂၇၀ သန်းဖြင့် ဆောင်ရွက်ခဲ့သော ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၊ နမ့်လန်း-ဟိုတိ-မန်ကျောင်း-ပန်ရှင် ဖောက်လုပ်ပြီး မြေလမ်း ခြောက်မိုင်ပေါ်တွင် ကျန် ၁ မိုင် ၄ ဖာလုံ အပြီးသတ် ကျောက်ခင်းခြင်းနှင့် ၅x၅x၂၆ ပေ Box Culvert လေးစင်းတည်ဆောက်ခြင်းလုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါလမ်းဆောင်ရွက်ပေးနိုင်မှုကြောင့် မိုင်းရယ်မြို့နှင့် ကျေးရွာ ၂၄ ရွာ၊ အိမ်ခြေ ၁၁၅၈၊ လူဦးရေ ၅၀၅၆ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမျုစီးပွားရေး တို့ကို များစွာအကျိုးပြုသည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြောင်း သိရသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၄၉၈၇ ဒသမ ၄၈၃ သန်းဖြင့် မြေလမ်း ၂၈ မိုင်၊ အမာခံလမ်း ၅ မိုင်၊ ကျောက်လမ်း ၁၃ မိုင် ၂ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ၁ ဒသမ ၆ ဖာလုံ၊ ကွန်ကရစ်လမ်း ၆ ဒသမ ၇ ဖာလုံ၊ ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert ၃၉ စင်း၊ ရေကျော် တစ်စင်း၊ ပညာရေးလုပ်ငန်း လေးခု၊ သာသနာရေးလုပ်ငန်း ငါးခု၊ သောက်သုံးရေရရှိရေးလုပ်ငန်း တစ်ခုနှင့် ဦးစီးဌာနလုပ်ငန်း ငါးခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။