သီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁) ရပ်ကွက် သလ္လာဝတီ သီလရှင်စာသင်တိုက်ရှိ စာသင်သား သီလရှင်ဆရာကြီး၊ ဆရာလေးများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝါတွင်းကာလအတွင်း နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
 

Post Paragraph