သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

သရက်၊ ဖေဖော်ဝါရီ ၇
    မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ ဖေဖော်ဝါရီ ၄ ရက် က ကျင်းပခဲ့သည်။
    အဆိုပါ အခမ်းအနားတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးကီးအောင်ထန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကလေးအလုပ်သမားပပျောက်ရေးအတွက် မိမိဌာနက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အသက်(၁၈)နှစ် မပြည့်သေးသူကို အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင် ခိုင်းစေ၍မရကြောင်းနှင့် ကလေးအလုပ်သမား၏ အသက်အရွယ် တို့ကို ပြောကြားပေးကြောင်းသိရသည်။
    ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်က ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးသူငယ်များ၏ ရပိုင်ခွင့်၊ ကလေးသူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေပါက ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို ပြောကြားပေးခဲ့သည်။
 

Post Paragraph