သတင်း အမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဆီဆိုင် မတ် ၂၅
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ဆိုက်ခေါင်၌ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး၊ Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပသည်။
    ဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးလွင်က မူးယစ်ဆေးဝါးအကြောင်းနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်ကိုလည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က သတင်းအမှားအမှန်များ၊ လုပ်ကြံသတင်းများကို ခွဲခြားသုံးသပ်နိုင်ရန်နှင့် Social Media များတွင် နည်းလမ်းပေါင်းစုံဖြင့် ဖြန့်ဝေနေသည့် လုပ်ကြံ သတင်းများကို ရှောင်ရှားတတ်စေရန် အသိပညာပေးဟောပြောသည်။ 
    အဆိုပါ ဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ဆိုက်ခေါင်မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 
 

Post Paragraph