သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မင်းပြား မတ် ၂၅
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မင်းပြား၌ သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေး၊ Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပသည်။
    ဦးစွာ မင်းပြားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်က မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးခြင်း၊ သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေး၊ Social Media အသုံးပြုရာတွင် နည်းလမ်းပေါင်းစုံဖြင့် ဖြန့်ဝေနေသည့် လုပ်ကြံသတင်းများကို ရှောင်ရှားတတ်စေရန် အသိပညာပေးခြင်းကိုလည်းကောင်း၊ မင်းပြားမြို့နယ်ဥပဒေအရာရှိ ဦးကျော်လွင်ဦးက ဥပဒေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောသည်။
   အဆိုပါ ဟောပြောပွဲသို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မင်းပြားမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph