သတင်းအမှားအမှန်ခွဲခြားသုံးသပ်နိုင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (မူဆယ်)၌ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် ဥပဒေရေးရာ၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၅ -၃-၂၀၂၂ ရက် နံနက် ၁၀:၀၀ နာရီတွင် အဆိုပါ သင်တန်းခန်းမ၌ ကျင်းပသည်။
    ဦးစွာ မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Network အသုံးပြုရာတွင် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောသည်။
    ထို့နောက် မူဆယ်ခရိုင် ၊ ခရိုင်ဥပဒေရုံး ဒုတိယဥပဒေအရာရှိ ဦးကောင်းသော်က ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာများကို ဟောပြောဆွေးနွေးသည်။
    အခမ်းအနားသို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မူဆယ်)မှ ကျောင်းအုပ်၊ နည်းပြ၊ ဝန်ထမ်းများနှင့် သင်တန်းသူများ စုစုပေါင်း ၆၅ ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph