တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံး(ထားဝယ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်၊ ဇွန်လ ၂၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံး(ထားဝယ်)၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ဆန်းချီရပ်ကွက် ဦးစီးအရာရှိ နှစ်ခန်းတွဲနှစ်ထပ် ဝန်ထမ်း အိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။
    ဦးစွာ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်က ရတနာတန်းဝင်(ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပျဉ်းမပင်)များကို ဦးဆောင်စိုက်ပျိုးပေးပြီး ရုံးဝန်ထမ်းများက သတ်မှတ်နေရာများတွင် ရတနာတန်းဝင်ပင်၊ အရိပ်ရလေကာပင်၊ ပန်းအလှပင်များကို စိုက်ပျိုးခဲ့သည်။

Post Paragraph