ဧပြီလ ၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၁၄၆ သန်းဖြင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်းရှိ နမ့်ကျွတ် - ပန်ကောက် - ရောင်ပန် ကျေးရွာချင်း ဆက်လမ်း ၁၂ မိုင်အနက် ၅ မိုင် ၄ ဖာလုံ မြေသားလမ်းဖောက်လုပ်ခြင်း၊ မက်မန်း - အေးကျန့် - ကန်န လမ်း ၁၀ မိုင်အနက် ၁ မိုင် အပြီးသတ် ကျောက်ခင်းခြင်း၊ မက်မန်း မြို့ရှောင်လမ်း ၂ မိုင် ၄ ဖာလုံ အနက် ၁ မိုင် ၄ ဖာလုံ အပြီးသတ် ကျောက်ခင်းခြင်း၊ မွတ်နိုး - ကောင်းလန်း ကျေးရွာချင်းဆက်လမ်း ၅ မိုင် ၇ ဖာလုံ အနက် ၇ ဖာလုံ အပြီးသတ်ကျောက်ခင်းခြင်း၊ ရောင်အူ - ရောင်ကွန် ကျေးရွာချင်းဆက်လမ်း ၇ မိုင်အနက် ၂ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း လုပ်ငန်းတို့အား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီး နိုင်ရေးအတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
အဆိုပါ လမ်းပိုင်းများဆောင်ရွက်ပြီးစီးပါက မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၄၂၀၆ အိမ်၊ လူဦးရေ ၂၀၄၃၂ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း သိရှိရပါသည်။