ကရင်ပြည်နယ်၊ ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းစီမံကိန်း (The Capacity Enhancement Plan for the Technical School for National Youths in Border Areas in Hpa-An Township, Kayin State)
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Bridge Asia Japan တို့ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၇၄ သန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၁ နှစ် သက်တမ်းရှိ ကရင်ပြည်နယ်၊ ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းစီမံကိန်း အား ၁၈-၁၂-၂၀၁၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။