နယ်စပ်ရေးရာဝန်ကြီးဌာနကလင်းခေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် နောင်လုံကျေးရွာအုပ်စု နောင်လုံကျေးရွာအဝင် မြေသားလမ်း နှစ်မိုင်နှစ်ဖာလုံအနက် တစ်မိုင် ကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။