October 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ်(၈)မှ ကျောင်းသား၊ ကျောင်းသူများက ဩဝါဒခံယူပွဲ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်  အောက်တိုဘာ  ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၈) မှ ကျောင်းသား၊ ကျောင်းသူများက ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမ၌ကျင်းပပြုလုပ်သည်။

standard

လူမှုစီးပွားဘဝမြင့်မားလာစေရေး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်

ဆီဆိုင်၊ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်စံပြကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)ကို အောက်တိုဘာလ ၁၉ ရက်တွင် ဖွင့်လှစ်သည်။
အခမ်းအနားတွင် တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။

standard

လဟယ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်ပွဲကျင်းပ

လဟယ်   အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၃)သင်တန်းဖွင့်ပွဲကို ယနေ့ကျင်းပရာ နာဂဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးညီညီထွေး နှင့် ကျောင်းအုပ်ဆရာမကြီးတို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။ 
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၁၉ ရက် အထိ ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားမည်ဖြစ်ပြီး သင်တန်းသူ ၂၀ တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။
 

standard