July 2026

ဖလမ်းမြို့တွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဖလမ်းမြို့ပေါ်ရပ်ကွက် ရှစ်ရပ်ကွက်မှ ဒေသခံပြည်သူများအား ဆန် ၄၃၃ အိတ်နှင့် စားသုံးဆီ ၉၇၈ ပိဿာ ထောက်ပံ့ပေးအပ်

နေပြည်တော် ဇူလိုင် ၃၀
ဖလမ်းမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဖလမ်းမြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် ဖါရ်ထောက်၊ ကျင်မွာလ်၊ တလန် လို၊ ဗလိုင်၊ လိုင်ဇိုး၊ လိုင်လွန်၊ လုံပီးနှင့် ဇာလိုင် စသည့် ရပ်ကွက်ရှစ်ရပ်ကွက်မှ ဒေသခံပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန် ၄၃၃ အိတ်နှင့် စားသုံးဆီ ၉၇၈ ပိဿာကို ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

standard

ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မူလအခြေအနေထက် အစစအရာရာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် မူဝါဒချမှတ်ထား

ဟားခါး ဇူလိုင် ၂၈
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် အစစအရာရာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် မူဝါဒချမှတ်ထားကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

standard

ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့်‌ ကျောင်းသားကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း

 နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်စိုက်ပျိုးရေးနှင့် မွေး‌မြူရေးဝန်ကြီး ဦးပေါင်ဇလန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေး ၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းက

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ချင်းပြည်နယ်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအဖွဲ့ဝင်များဖြင့် တွေ့ဆုံခြင်းနှင့် ကလေးမြို့အတွင်းရှိ သင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

ဇူလိုင် ၂၆  ရက် 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၅ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ကလေးမြို့သို့ ရောက်ရှိခဲ့ရာ ချင်းပြည်နယ် အတွင်းရှိ  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီမှ အဖွဲ့ဝင်များနှင့် ကလေးမြို့၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ယခင်‌ဆောင်ရွက် ပြီးစီးမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

standard