July 2026

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

ဇူလိုင်လ  ၂၄  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

တာချီလိတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့အတွင်း စွမ်းအင်ရရှိရေး ဆိုလာလုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅၁ ဒသမ ၅၅၀သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်ယန်း ကျေးရွာတွင်  50 W ဆိုလာ ၇၅ စုံတပ်ဆင်ခြင်းနှင့် မိုင်းတုံမြို့နယ် နမ့်ဟူးခွန်ကျေးရွာအုပ်စု ကျေးရွာပေါင်း သုံးရွာတွင် 50 W ဆိုလာ ၅၁၀ စုံတပ်ဆင်ခြင်းလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

standard