ဆီဆိုင်၊ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်စံပြကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)ကို အောက်တိုဘာလ ၁၉ ရက်တွင် ဖွင့်လှစ်သည်။
အခမ်းအနားတွင် တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူတို့က ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါသင်တန်းတွင် သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁၉ ရက်မှ ၂၀၂၇ ခုနှစ် မတ်လ ၁၉ ရက်အထိ ဖြစ်ကြောင်း သိရသည်။