November 2026

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဖလမ်း နိုဝင်ဘာလ ၁၈
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောက်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖလမ်မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများလည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် အဖွဲ့ဝင်များ တီးတိန်မြို့တွင်း ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများနှင့် ဖလမ်းမြို့ ငဆစ်ဗားရေအားလျှပ်စစ်စက်ရုံပြုပြင်နေမှုနှင့် စက်ပစ္စည်းများ ကြည့်ရှုစစ်ဆေး

ဖလမ်း နိုဝင်ဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ တီးတိန်မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဖလမ်းမြို့ငစစ်ဗားရေးအားလျှပ်စစ်စက်ရုံ ပြုပြင်နေမှုနှင့် စက်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးသည်။

standard

တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ၂၀၂၆ ခုနှစ် ကချင်ရိုးရာ ကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ ၁၇
ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတို့၏ ထင်ရှားသည့် ရိုးရာပွဲ‌တော်တစ်ခုဖြစ်ပြီး နှစ်စဉ် ဆန်စပါးနှင့်ကောက်ပဲသီးနှံရိတ်သိမ်းပြီးချိန်တွင် ကျင်းပသည့် ကချင်ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်ကို ယခုနှစ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းချုပ်တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌  ဌာနေတိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်။

standard

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် တီးတိန်မြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၆
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန်သည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ နားဇရင်း ယာယီနေရပ်စွန့်ခွာစခန်းနေ တိုင်းရင်းသားပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိ‌ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့်  ၄ လက်မ စက်ရေတွင်းတူးဖော်ပြီးစီးမှုအခြေအနေကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။ 

standard