ကော့သောင်း အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁၀)ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဇာထိုး၊ ပန်းထိုးနှင့် အိမ်တွင်းအလှပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုကြသည်။
အဆိုပါသင်တန်းအား နယ်စပ်ဒေသရှိအမျိုးသမီးငယ်များ အသက်မွေးဝမ်းကျောင်းပညာအဖြစ် ကိုယ်ပိုင်စီးပွားရေးအဆင့်အထိ လုပ်ကိုင်ဆောင်ရွက်ကြရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပြီး သင်တန်းသူ ၂၀ ဦးအား သင်တန်းကာလ ၂၂ ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။