September 2026

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် သစ်အယ်ပင်-ထယ်သွန်းလမ်းတွင် ၁၉၈၅ ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

standard

မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု သီးပင်ကုန်းကျေးရွာမှ ကန်နီကျေးရွာ အုပ်စု ကန်နီကျေးရွာ ဆက်သွယ်သော အမာခံလမ်း ၁ မိုင် ၃ ဖာလုံအနက် ကွန်ကရစ်ခင်းပြီး ကျန်ရှိနေသည့် ၇ ဖာလုံကို ၁၂ ပေ အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသအတွင်း ကုန်းမြင့်လယ်ယာဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ဂဟုန်းကျေးရွာအုပ်စု စံပြကျေးရွာ၌ ကုန်းမြင့်လယ်ယာ ၆၀ ဧက ဖော်ထုတ်ခြင်း လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက် မပြတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်‌ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့  မြို့မရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ စန္ဒကူးရပ်ကွက်နှင့်စော်ဘွားရပ်ကွက် လေးရပ်ကွက်တို့မှ ဆက်သွယ်သွားလာသည့် ပေ၁၄၅၀ မြေသားလမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေးခဲ့ပြီး ယခုအခါလုပ်ငန်းရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

standard