နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နာတိုက် - မကန်နောင် ကျေးရွာချင်းဆက် အမာခံလမ်း လေးမိုင်အနက် တစ်မိုင် နှစ်ဖာလုံကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။