နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ဆင်သေ-နန်ဖာ အမာခံမြေသားလမ်း ၁၉ မိုင်အနက် အတက်အဆင်း မတ်စောက်သည့် ၅ ဖာလုံအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
    အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဒေသခံကျေးရွာ ၆ ရွာမှ ဒေသခံပြည်သူ ၄၂၆၁ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၄၁၇၃ ဒသမ ၂၆၁ သန်းဖြင့် လမ်းတာချဲ့ခြင်း ၁၀ မိုင်၊ မြေသားလမ်း ၈ မိုင်၊ အမာခံလမ်း ၈ မိုင်၊ ကျောက်လမ်း ၂ မိုင်၊ ကွန်ကရစ်လမ်း ၅ ဖာလုံ၊ ကွန်ကရစ်တံတား ၁ စင်း၊ Box Culvert ၂၇ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်း ၃ ဖာလုံ၊ စက်ရေတွင်း ၁ တွင်း၊ အုတ်ခြံစည်းရိုး ကာရံခြင်း ၁၈၆၃ ပေ၊ သာသနာရေး အဆောက်အအုံ ၁ ခု၊ သဘာဝဘေးကြောင့် မြေပြိုမှုဖယ်ရှားခြင်း လုပ်ငန်းသုံးခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 

Post Paragraph