February 2022

ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB – Office of Narcotic Control Board) တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် တို့တွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရန်အတွက် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မယ့်ဖားလုံဖောင်ဒေးရှင်းတို့ အနေဖြင့် စီမံကိန်းလုပ်ငန်းများအား ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

ဖေဖော်ဝါရီ လ ၁၂  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှသိန်းနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ နံနက်တွင် ပျဉ်းမနားမြို့နယ်၊ ကန်ဦးကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြား စားသောက်ဖွယ်ရာများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

standard

Swiss Agency for Development and Cooperation- SDC နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် Swiss Agency for Development and Cooperation- SDC တို့ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၆.၆၄၃ သန်းသုံးစွဲ၍ ကရင်ပြည်နယ် ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီးမြို့နယ်များနှင့် မွန်ပြည်နယ် ရေး၊ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ သထုံမြို့နယ်များတွင် စာသင်ကျောင်း ဆောက်လုပ်ခြင်း၊ ကျောင်းအိမ်သာ ပြုပြင်ခြင်း၊ ကျောင်းသုံးပရိဘောဂများ ပံ့ပိုးခြင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲပြုပြင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်း၊ ရေတွင်းဟောင်းများ ပြုပြင်ခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေစစ်ပုံးမ

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဖေဖော်ဝါရီလ  ၁၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်)ဌာနခွဲတွင် သီတင်းသုံးလျက်ရှိသော သင်ကြား/စီမံ ဆရာတော်များနှင့် ပြည်တွင်း/ပြည်ပ သာသနာပြုကြမည့် သံဃာတော်အရှင်သူမြတ် ၄၆၂ပါးအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ကမ္ဘာအေးဘုရား မိုးကုတ် ဆွမ်းစားဆောင်တွင် ယနေ့ နံနက် ၁၀၀၀နာရီအချိန်၌ ကျင်းပရာ ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

standard

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ၁၉၉၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၄၂.၈၈၆ သန်းဖြင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်စပ်ဒေသများတွင် ဘိန်းအစားထိုးသီးနှံ အဖြစ် ပန်းဂျုံ စမ်းသပ်စိုက်ပျိုးခြင်း၊ နည်းစနစ်များအား ဒေသခံတောင်သူများအား သင်ကြားပို့ချ ပေးခြင်း၊ ပန်းဂျုံ ထွက်ကုန်ပစ္စည်းများအား ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိအောင် ဆောင်ရွက်ပေး ခြင်း၊ လမ်းဖောက် လုပ်ပေးခြင်း၊ အရေးပေါ်ထောက်ပံ့ပေးခြင်း၊ စိုက်ပျ

standard