ဖေဖော်ဝါရီ လ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှသိန်းနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ နံနက်တွင် ပျဉ်းမနားမြို့နယ်၊ ကန်ဦးကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြား စားသောက်ဖွယ်ရာများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် Covid-19 ကပ်ရောဂါကြောင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတကျောင်းများသို့လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် ဒေသအသီးသီးရှိ Covid-19 စင်တာများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။