January 2023

ဇာဒက်ကြီးကျွန်းအရှေ့ဘက်ခြမ်း ကျွန်းပတ်မြေသားလမ်းလုပ်ငန်းဆောင်ရွက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ ကောင်းမွန်စေရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်း အရှေ့ဘက်ခြမ်း ကျွန်းပတ်မြေသားလမ်း (၆/၀) မိုင်လုပ်ငန်း ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

standard

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကြီးအုပ်-ညောင်ကုန်း ကျေးရွာချင်းဆက်လမ်း ၇ မိုင် ၄ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၄ ဒသမ ၄၀၀ သန်းဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကြီးအုပ်-ညောင်ကုန်း ကျေးရွာချင်းဆက်လမ်း ၇ မိုင် ၄ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ယနေ့ နံနက် ပိုင်းတွင် ကျိုက်မရောမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေစီ နှင့်အဖွဲ့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသိဟု သိရပါသည်။ 

standard

ငွေရိပ်သာဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ နှင့် ပဲ တို့ကို သွားရောက်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်သုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပေးလျက်ရှိရာ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ မြဝတီမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများ ငွေရိပ်သာဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ နှင့် ပဲ တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

standard

ကျိုင်းတုံမြို့နယ်၌ ကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်းလုပ်ငန်းများ ၈၈ ရာခိုင်နှုန်းပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၈၇ ဒသမ ၇၄၇ သန်း အကုန်အကျခံကာ ကျိုင်းတုံမြို့နယ် နမ့်နီ/နမ့်လုံ ကျေးရွာအုပ်စုရှိ နမ့်ခမ်း-ဝမ်ကောင်း-နမ့်နီ-နမ့်ကဲ-ရှဲန်ထန်နူး ကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

standard

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ကွန်ပျူတာတက္ကသိုလ်မြေနေရာလျာထားမှု ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ကွန်ပျူတာတက္ကသိုလ် မြေနေရာလျာထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

standard