မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကြီးအုပ်-ညောင်ကုန်း ကျေးရွာချင်းဆက်လမ်း ၇ မိုင် ၄ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၄ ဒသမ ၄၀၀ သန်းဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကြီးအုပ်-ညောင်ကုန်း ကျေးရွာချင်းဆက်လမ်း ၇ မိုင် ၄ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ယနေ့ နံနက် ပိုင်းတွင် ကျိုက်မရောမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေစီ နှင့်အဖွဲ့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသိဟု သိရပါသည်။ 

Post Paragraph