February 2023

မိုင်းလားမြို့နယ် မိုင်းမကျေးရွာ ဘုန်း‌တော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ကျိုင်းတုံ၊ ဖေဖော်ဝါရီလ ၂၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ဖေ‌ဖော်ဝါရီ ၂၂ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ်၊ မိုင်းမကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ် ဓမ္မဝိဟာရကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းကြသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်နှင့် တာဝန်ရှိသူများသည် ယ‌နေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် လမ်းသပြေကုန်း ရွာဦး ကျောင်းတိုက်ဆရာတော်၊ သံဃာတော်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပဥ္စမအကြိမ် မိတ်ဆုံစားပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ  ၂၄  ရက်
    နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိမှတ်ပြုသောအားဖြင့် မိတ်ဆုံ နေ့လယ်စာ စားပွဲများအား လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပဥ္စမအကြိမ် မိတ်ဆုံနေ့လယ်စာ စားပွဲကို ကျင်းပပြု လုပ်ခဲ့ပါသည်။

standard