ကျိုက်မရောမြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကျိုက်မရော၊ ဖေဖော်ဝါရီလ ၂၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း နယ်စပ်ဒေသကျေးရွာများ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အံကစင်-မွန်စု- လွှစင်ကုန်း-ကော့ခလိန် ကျေးရွာချင်းဆက်လမ်း ၁ မိုင် ၃ ဖာလုံ ကတ္တရာခင်းခြင်းနှင့် Box Culvert ၃ စင်း တည်ဆောက်ခြင်း၊ ကြီးအုပ်-ညောင်ကုန်းလမ်း  ၁ မိုင် ၄ ဖာလုံ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ မိခွမ်း-ထိဟူးသံလမ်း ၁ မိုင် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကျုံကွယ်ကျေးရွာအုပ်စု၊ မိခွမ်း(ကျောက်အင်း) - ထိဝါးကလိကျေးရွာ ချင်းဆက်လမ်း ၁ မိုင် ၆ ဖာလုံကျောက်ခင်းခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၇၆၂ ဒသမ ၈၈၈ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ  ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph