နယ်စပ်ရေးရာဝန်ကြီးဌာန စတုတ္ထအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်
ဖေဖော်ဝါရီလ ၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန စတုတ္ထအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။