လွိုင်လင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်

လွိုင်လင်၊ ဇန်နဝါရီလ ၃၁ ရက်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင် ရွက်လျက်ရှိသည့် ဟွေမုန်ငယ်-ထီခဲ-ကျူပေါ်လမ်းနှင့် တခေါ့တန်လမ်းခွဲ-ကောင်းငိုကျေးရွာ လမ်းဖောက် လုပ်နေမှုများကို တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
    အဆိုပါ ဟွေမုန်ငယ်-ထီခဲ-ကျူပေါ်လမ်းသည် လမ်းအရှည် (4.692 Km) အကျယ် လမ်းတာချဲ့ရန် နှင့် ဖြတ်ဖြေလုပ်ငန်းအပါအဝင် (5.48 m) အကျယ်အား သဲဖြုန်း (100 mm)ဒုခင်းရန် ၂/၇.၃၂၄ မိုင် လုပ်ငန်းသည် ၈၀ ရာခိုင်နှုန်းနှင့် တခေါ့တန်လမ်းခွဲ-ကောင်းငိုကျေးရွာလမ်း လမ်းအရှည် (4.692 Km) အကျယ် လမ်းတာချဲ့ရန်နှင့် ဖြတ်မြေလုပ်ငန်းအပါအဝင် (5.48 m) အကျယ်အား သဲဖြုန်း (100 mm) ဒု ခင်းရန် ၂/၇.၀၂ မိုင် လုပ်ငန်းသည် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph