June 2023

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တာဝန်ရှိသူများ ရသေ့တောင်မြို့နယ်သို့ ပို့ဆောင်မည့် ဘက်စုံသုံးထွန်စက်များ တပ်မတော်ကမ်းထိုးရေယာဉ်များပေါ်သို့ တင်ဆောင်နေမှုကြည့်ရှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

စစ်တွေ ဇွန် ၄
မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ်ကြီးကြပ်ရန် စစ်တွေမြို့၌ ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်သက်ခိုင်၊ ဦးအောင်သော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ပေးအပ်လှူဒါန်း

standard

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေမြို့အတွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူ များအား ကူညီထောက်ပံ့ပေးနေမှုအခြေအနေများ လှည့်လည်ကြည့်ရှု

စစ်တွေ ဇွန် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်း စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှု၊ ဆိပ်ကမ်းများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေး ပစ္စည်းများ တင်ချနေမှု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေး ကုသပေးနေမှုနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆန်များ ထောက်ပံ့ဖြန့်ခွဲ ပေးနေမှုအခြေအနေ များကို လှည့်လည် ကြည့်ရှုသည်။

standard

စားရေရိက္ခာများ ဖြန့်ခွဲရာတွင် အမှန်တကယ်လိုအပ်ချက်ရှိသော နေရာဒေသများရှိ ဘေးဒဏ်သင့် ပြည်သူများထံသို့ ဦးစားပေးဖြန့်ခွဲနိုင်ရေး စီမံဆောင်ရွက်ပြီး ထောက်ပံ့ရေးပစ္စည်းများ အတင်အချနှင့် ပို့ဆောင်ဖြန့်ခွဲရာတွင် အချိန်ကြန့်ကြာမှုမရှိအောင်ဆောင်ရွက်

စစ်တွေ ဇွန် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်တော်သာ(စစ်တွေ) - ရေချမ်းပြင် ရထားလမ်းပိုင်း၊ စစ်တွေမြို့ရှိ တက္ကသိုလ်များနှင့် အမှတ် (၁၀) အခြေခံပညာအထက် တန်းကျောင်းတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

standard

DPM MoTC Union Minister inspects schools on school opening day in Rakhine State

State Administration Council Member Deputy Prime Minister Union Minister for Transport and Communications Admiral Tin Aung San, accompanied by Union Minister for Border Affairs Lt-Gen Tun Tun Naung and Rakhine State Chief Minister U Htein Lin, inspected the basic education schools opening and peaceful learning session of students in Sittway Township yesterday.

standard