August 2023

နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မုံရွာမြို့၊ ရုံးကြီးရပ်၊ ရွှေသုဝဏ်ကျောင်းတိုက်သို့ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(မုံရွာ)မှ တာဝန်ရှိသူများ သွားရောက်၍ သံဃာတော် များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆရာတော်ကြီးထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
 

standard

သမုဒ္ဒဂီရိမြို့၊ မိုခါမုန်တိုင်းနှင့် ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည် ( ၂ )

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာထားသည်မှာ ရခိုင်ပြည် နယ်မှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်များ၊ ချင်းပြည်နယ်မှ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်များ ဖြစ်သည်။ 
အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အားယူနေဆဲဒေသ ဖြစ်သဖြင့် ပျက်စီးမှုပမာဏအတွက် ဒေသတွင်းလိုအပ်သော စားသောက်ကုန်နှင့် တည်ဆောက်ရေး ပစ္စည်းများမှာ လိုအပ်သည့် အ‌‌ရေအတွက် မရှိခဲ့။ မလုံလောက်ခဲ့။ 

standard

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်) မိုးရာသီအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် သြဂုတ် ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ ၂ဝ၂၃ ခုနှစ် မိုးရာသီ “ကျောင်းအုပ်ကြီးဖလား”  အဆောင်လိုက် ဘောလုံး၊ ဘော်လီဘော ၊ ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲများကို ဇူလိုင် ၁၇ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ကျင်းပခဲ့ပြီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ကျောင်းအားကစားကွင်း၌ ကျင်းပခဲ့သည်။ 

standard

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စကားဝိုင်း ဘားအံမြို့၌ ကျင်းပ

ဘားအံ သြဂုတ် ၇
ကရင်ပြည်နယ် ဘားအံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘားအံ)၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ နှင့်စကားဝိုင်းကို သြဂုတ်လ ၆ ရက်က ကျင်းပသည်။

standard