ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ် မဲနယ်တောင်(ပင်းတယ-ရွာငံဖြတ်လမ်း)မှ လင်းလေအင်း-ရှော်ပင် ကျောက်လမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇန်နဝါရီလ ၈ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် ပင်းတယမြို့နယ် မဲနယ်တောင် (ပင်းတယ-ရွာငံဖြတ်လမ်း)မှ လင်းလေအင်း-ရှော်ပင် ကျောက်လမ်း ၄/၇ မိုင်အနက် ၂ မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ် ၂၀၂ ဒသမ ၈၃၄ သန်းဖြင့် ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများက စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာငါးရွာမှ လူဦးရေ ၅၁၅၅ ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph