November 2025

နယ်စပ်ရေးရာဝန်ကြီးဌာနက မန္တလေးတိုင်း‌ဒေသကြီးအတွင်း သန့်ရှင်းသောသောက်သုံး‌ရေရရှိရေးလုပ်ငန်းများ ‌ဆောင်ရွက်ပေး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ရေရှားပါးသည့် နေရာများတွင်လည်း စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုလာရေတင်စနစ်ဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်‌ပေးလျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် သိလ္လာချောင်းဖျား ကျေးရွာအုပ်စု ကျေးလက်ဆေးပေးခန်း၌ လိုအပ်လျက်ရှိသည့် သန့်ရှင်းသော သောက်သုံးရေနှင့် သားဖွားခန်းသုံးရေလုံလောက်စွာ ရရှိနိုင်စေရန်အတွက် လေးလက်မ စက်ရေတွင်းတူးဖော်၍ ဆိုလာစနစ်ဖြင့် ရေတင်ခြင်း၊ ရေစုကန်၊ ရေစစ်ကန်နှင့် ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။

standard

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား စိစစ်အတည်ပြုရွေးချယ်

နိုဝင်ဘာလ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် သင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ ၃၀၄ ဦး တို့အား စိစစ်အတည်ပြု ရွေးချယ်ခဲ့ပါသည်။ 

standard