ပစ္စည်းများထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မီးလင်းရေး အသုံးပြုနိုင်ရန်အတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုက်တက်ရေးဦးစီး ဌာနမှ အိမ်သုံးဆိုလာ ပြားများနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့၊ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ရာတွင် ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်ဟိုင်းကျေးရွာအုပ်စုရှိ နမ့်လင်၊ လမ်းခွဲနှင့် ပါချီကျေးရွာများတွင် မီးလင်းရေးအသုံးပြုနိုင်ရန်အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌနမှ ထောက်ပံ့သည့် အိမ်းသုံးဆိုလာ(၁၂၀)ပြား၊ ဘတ္ထရီနှင့် ဆက်စပ် ပစ္စည်း (၁၂၀)လုံး၊ LEDမီးလုံး (၂၄၀)လုံးနှင့် မီးချောင်း(၁၂၀)ချောင်းတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ ဦးဖြိုးမြင့်ဝေ၊ မိုင်ကိုင်မြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ ဝမ်ဟိုင်းကျေးရွာ အုပ်စုမှ ဦးစိုင်းလှိုင်းဟန်ခမ်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
နန်းမွမ်းဆိုင်(ပြန်/ဆက်)