လွိုင်လင်ခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ရပ်ကွက်(၂) ရှိ စွန်းလွန်းဝိပဿနာ ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် (၆၀'x၃၇'x၂၄') RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း (မြန်မာမှုအပါ) အား လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးဟန်ဝင်းအောင် ဒုတိယညွှန်ကြားရေးမှူးနှင့် လွိုင်လင်ခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါလုပ်ငန်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေ ၁၈၃ ဒသမ ၄၈၁ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Gryphon MM ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပါက လွိုင်လင် မြို့နယ် ပင်လုံမြို့၏ ဗုဒ္ဓဘာသာ၊ သာသနာစည်ပင် ပြန့်ပွားရေး လုပ်ငန်းများအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ပြီး စွန်းလွန်းဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်ရှိ ရဟန်း၊ သံဃာတော်များ အနေဖြင့် ယင်းကျောင်းတိုက်တွင် အေးချမ်းစွာ သီတင်းသုံး၍ ဝိပဿနာကမ္မဋ္ဌာန်းတရားများ စီးဖြန်း အားထုတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Post Paragraph