နယ်စပ်ဒေသရှိ ကျေးရွာများသို့ ပေးဝေသည့် မေတ္တာရေစင်

ထွန်းထွန်းလှိုင်(နတလ) လူနှင့်သက်ရှိများ အသက်ရှင်သန်နိုင်ရေးအတွက် ရေသည် မရှိမဖြစ်လိုအပ်ပါသည်။ ကမ္ဘာ့မြေ မျက်နှာပြင်၏ ၇၀% ကို ပင်လယ်၊ သမုဒ္ဒရာများက ဖုံးလွှမ်းထားသည်။ ကမ္ဘာ့ရေထု အားလုံး၏ ၉၈% သည် ပင်လယ်နှင့် သမုဒ္ဒရာများရှိ သောက်သုံး၍ မရသော ဆားငန်ရေများ အဖြစ်သာရှိနေကြသဖြင့် ကျန် ၂ % မျှသော ကမ္ဘာ့ရေထုသည်သာ ရေချိုအဖြစ် တည်ရှိနေကြပါသည်။ ရာခိုင်နှုန်းအားဖြင့် ၀.၃၆ % မျှသာဖြစ်ပြီး၊ အလွန်နည်းသော်လည်း ဂါလံအားဖြင့် အမြောက်အမြားရှိနေသောကြောင့် သာ ကျွန်ုပ်တို့ နေ့စဉ်ရေအတွက် မပူမပင်သုံးစွဲနေရခြင်း ဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်တွင်လည်း ရေသည် ၆၅% ပါဝင်နေပြီး၊ သာမန်အားဖြင့် လူတစ်ယောက်သည် တစ်နေ့လျှင် ရေနှစ်လီတာခန့် သောက်သုံး ရန် လိုအပ်ပါမည်။
    ကမ္ဘာ့ရေထုတွင် မြေပေါ်ရေ၊ မြေအောက်ရေ ဟူ၍ နှစ်မျိုးရှိပါသည်။ မြေအောက်ရေဆိုသည်မှာ ကမ္ဘာမြေကြီး၏ အပေါ်ယံမြေလွှာအောက်တွင်ရှိပြီး၊ သဲလွှာနှင့် ကျောက်စရစ်လွှာကြားတွင် ရှိနေတတ်ကာ ရွှံစေး (မြေစေး) မြေများက ခွဲခြားထားပါသည်။ ထိုမြေစေးပေါ်တွင်ရှိသော ရေများကို Unconfined Aquifer ဟုခေါ်ပြီး မြေစေးအောက်တွင်ရှိသော ရေကို confined Aquifer ဟု ခေါ်ပါ သည်။ အဝီစိတွင်းများသည် ရွှံ့စေးမြေအောက်မှ ရရှိသော ရေကြည်ရေသန့်များ ဖြစ်ကြသည်။
    မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင် ရာသီဥတု ပြောင်းလဲလာမှုကြောင့် သောက်သုံးရေ အတွက် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ တစ်နှစ်ထက် တစ်နှစ်တိုး၍ ရာသီဥတု ပြောင်းလဲ မှု ပြင်းထန်လာခြင်းသည် လူမှုအဖွဲ့အစည်းများ၊ လူနေမှုစနစ်များ၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ နှင့် စိုက်ပျိုးရေ စသည့် ဘက်ပေါင်းစုံအပေါ် ဆိုးကျိုးများ သက်ရောက်နေပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်များ ယိုယွင်းပျက်စီး လာခြင်းကို ရင်ဆိုင်လာကြရပါသည်။ အပူချိန်မြင့်တက်လာခြင်း၊ အလွန်အကျွံမိုးရွာခြင်း၊ ရေကြီး ရေလျှံခြင်း၊ ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်၊ ပင်လယ်တို့နှင့်နီးသည့် မြေနိမ့်ရပ်ဝန်းများ၌ ပင်လယ် ရေမြင့်တက်လာမှုကြောင့် လယ်မြေများ ဆားပေါက်ကုန်သဖြင့် ထွန်ယက်မရခြင်း၊ မြေအောက်ရေ ထဲသို့ ပင်လယ်ရေငန်တိုးဝင်ခြင်းနှင့် မိုးခေါင်ရေရှားပါးခြင်းများကို ပိုမိုကြုံတွေ့ခံစားနေရပြီ ဖြစ်ပါ သည်။
မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝမှု၌ ကမ္ဘာ့ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်သော် လည်း မြေပေါ်မြေအောက် ရေအရင်းအမြစ်များသည် ရာနှုန်းပြည့် အရည်အသွေး မကောင်းတော့ပေ။ ပတ်ဝန်းကျင်နှင့် သယံဇာတထုတ်လုပ်သည့် လုပ်ငန်းများ၏ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ဆိုးကျိုး များကြောင့်သာ ဖြစ်သည်။ ကျေးလက်ဒေသများနှင့် အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုံ ဒေသများတွင် သောက်သုံးရေ၊ စိုက်ပျိုးရေများရရှိရန် ခက်ခဲလာပြီး ရေအရင်းအမြစ်များ လျော့နည်း ခမ်းခြောက်လာလျက်ရှိသည်။
    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိသည့် နိုင်ငံဖြစ်သောကြောင့် ရေနှင့်မြေသည် အဓိကဖြစ်သည်။ ပထဝီအနေ အထားနှင့် ရာသီဥတု ကွဲပြားခြားနားသည့် နေရာဒေသများအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို ကွဲပြားစွာ တွေ့ကြုံခံစားရခြင်းကြောင့် ရေရရှိရေး နှင့် မြေယာကောင်းမွန်စေရေးကို ဦးစားပေးရမည်ဖြစ်ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနမှချမှတ်ထား သည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာမှ သောက်သုံးရေရရှိရေးလုပ်ငန်းသည်လည်း မပါမဖြစ် လုပ်ငန်းတစ်ခုဖြစ်လာပါသည်။ ရေရှိရေးလုပ်ငန်း တွင် အဓိကအားဖြင့် ရေအရင်းအမြစ် ရှာဖွေခြင်းနှင့် လိုအပ်သောနေရာသို့ ရေသွယ်ယူ ဖြန့်ဝေခြင်း ဟူ၍ နှစ်ပိုင်းရှိရာ ရေအရင်းအမြစ်ကို ရွေးချယ်ရာ၌ ရာသီမရွေး သွယ်ယူ/ဖြန့်ဝေရန် လွယ်ကူခြင်း၊ သွယ်ယူဖြန့်ဝေရာတွင် ကုန်ကျစရိတ် အနည်းဆုံးနှင့် ပြုပြင်ထိန်းသိမ်းမှု အနည်းဆုံး ဖြစ်ခြင်း၊ မြေအောက်ရေသည် ရေကြောင်းပြောင်းလဲမှုကြောင့် မြေပြင်နိမ့်ကျသွားနိုင်ခြင်း၊ မြေအောက်ရေ မျက်နှာပြင် (water levle) နိမ့်ကျသွားနိုင်ခြင်း၊ ရေတင်ရန်အတွက် စက်ယန္တရား/ လျှပ်စစ် အသုံးပြုရ ခြင်း စသည့် အခက်အခဲတို့ကြောင့်သာ ရေအရင်းအမြစ်ကို ရွေးချယ်ရမည်ဖြစ်ပါ သည်။
    ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနက လက်တူးရေတွင်းတူးဖော်ရာတွင် အချင်း ၆´ ၊ အနက် ၄၀´ ပြုလုပ်ရပြီး၊ လက်တူးတွင်း ၁ ခုတွင် ရေတုံကင် ၂ စုံ၊ ဂါလံ ၂၀၀ ဆံ့ အုတ်ရေကန် ၂ လုံး၊ အမိုးနှင့် ရေတွင်းပတ်လည် နှုတ်ခမ်းမှ ၆´ ပတ်လည် ၄ " ထု ကွန်ကရစ် ကြမ်းခင်းပြုလုပ်ပေးခြင်းဖြင့် လည်းကောင်း၊ မြေသားမိုးရေကန်အား ၁၀၀´ x ၁၀၀´ x  ၆´   တူးဖော်ပေးရပြီး တိရစ္ဆာန်များ ဝင်ရောက်မှုမှကာကွယ်ရန် ချိန်းလင့်ခြံစည်းရိုး ကာရံပေးခြင်းဖြင့်လည်းကောင်း၊ ၄ လက်မ အဝီစိတွင်း (တွင်းတိမ်/ နက်) တူးဖော်ခြင်း လုပ်ငန်းတွင် တွင်းတိမ်တူးဖော်ခြင်းအား အနက် ၄၀ လက်မ ၊ တွင်းနက်တူးဖော်ခြင်းအား အနက် ၂၀၀´ တူးဖော်ပေးခြင်း ဖြင့်လည်းကောင်း စံနှုန်းသတ်မှတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
    ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၁၉၉၁-၁၉၉၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်/ တိုင်းဒေသကြီး ၁၅ ခုအနက် ၁၃ ခု တို့တွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများဖြစ်သော စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ၁၀၀ ခု၊ လက်တူး ရေတွင်း ၂၆ တွင်း၊ မြေသားမိုးရေကန် ၁၁၉ ကန်၊ အဝီစိတွင်း (တွင်းတိမ်/ တွင်းနက်) ၉၈/၁၇ တွင်း၊ သောက်သုံးရေရရှိရေးလုပ်ငန်း ၁၉၉ ခု၊ ရေရရှိရေး လုပ်ငန်း ၂၁၄ ခု၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်း ၁၆ ခု နှင့် တစ်ဖက်ပိတ်ဆည် တည်ဆောက်ခြင်း လုပ်ငန်း ၃ ခုတို့အား ဆောင်ရွက်ပေးခဲ့ပါသည်။
စာရေးသူတာဝန်ကျသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်း ၂၀၀၅-၂၀၀၆  ဘဏ္ဍာရေး နှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများတွင်ပါဝင်သော မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်း ၅၈ ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ၁၃ ခု၊ အဝီစိတွင်း ၈ တွင်း၊ တစ်ဖက် ပိတ်ဆည် ၁ ခုနှင့် ရေသွယ်ယူခြင်းလုပ်ငန်း ၈ ခု စသည်တို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် ချက်အရ ရက် ၁၀၀  စီမံချက်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၅) မြို့နယ်တွင် မြေသားရေကန် ၁၀၀´ x ၁၀၀´ x  ၆´  တူးဖော်ခြင်းလုပ်ငန်းအား အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်ပေးခဲ့ပါသည်-
မြို့အမည်
ကျောက်တော်မြို့နယ် (၅) ကန်
(၅)ကန်
    (ဂ)    မြေပုံ                           (၄)     ကန်                
    (ဃ)    မင်းပြား                      (၄)     ကန်
    (င)    ပုဏ္ဏားကျွန်း                  (၇)     ကန်                
    (စ)    တောင်ကုတ်                 (၄)     ကန်
    (ဆ)    သံတွဲ                         (၄)      ကန်
    (ဇ)    အမ်း                           (၃)      ကန်
    (ဈ)    ‌ ပေါက်တော                (၁၆)   ကန်    
    (ည)    ကျောက်ဖြူ                (၇)      ကန်
    (ဋ)    ရမ်းဗြဲ                         (၄)      ကန်
    (ဌ)    မာန်အောင်                  (၄)      ကန်
    (ဍ)    မောင်တော                  (၈)      ကန်
    (ဎ)    ဘူးသီးတောင်               (၄)     ကန်
    (ဏ)    ရသေ့တောင်              (၇)     ကန်
        စုစုပေါင်း                          (၈၆)   ကန်
    ၎င်းနောက် ( ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ ) ၆ လ အတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ အလံချိန်‌ ကျေးရွာအုပ်စု၊ အထက်မဒေးကျွန်းကျေးရွာတွင် မြေသားရေကန် (၁၀၀´ x ၁၀၀´ x  ၆´) ၁ ကန် တူးဖော်ခြင်းလုပ်ငန်းနှင့် အမ်းမြို့နယ်၊ စနဲအုပ်စု၊ တလိုင်းတောင်ကျေးရွာတွင်  ၂/၀ မိုင် စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၂ ရွာမှ အိမ်ခြေ ၂၈၅ အိမ်၊ လူဦးရေ ၁၂၆၆ ဦး တို့mအား အကျိုးပြုနိုင်မည်ဖြစ်ပါသည်။
    စာရေးသူတို့ဌာနအနေဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ရေအကျိုး ၁၀ ပါး ဖြစ်သည့် “ သက်ရှည်ဆင်းလှ၊ ချမ်းသာရ၊ ဗလဉာဏ်ပညာ၊ စင်ကြယ်သန့်ရှင်း၊ ကျော်ဇောခြင်း၊ ခပင်းချွေရံကာ၊ ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုးသာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဌာနကိုယ်စား စာရေးသူတို့ ဝန်ထမ်းများမှ ရေအကျိုး ၁၀ ပါး မတောင်းဘဲ ပြည့်သကဲ့သို့ လက်ငင်း အကျိုးရရှိခံစားရမှာ ဧကန်အမှန်ပင် ဖြစ်ပါသည်။
    သို့ပါ၍ စာရေးသူတာဝန်ထမ်းဆောင်လျက်ရှိသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်း ကျေးရွာများရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေး စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
 

Post Paragraph