နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့ လည်းကောင်း၊ ပရဟိတကျောင်းများသို့လည်းကောင်း စားနပ်ရိက္ခာများထောက်ပံ့ကူညီ လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ထောက်ပံ့လှူဒါန်းလျက်ရှိရာတွင် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ပိုင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှသိန်း၊ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်နှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား ခရိုင်၊ ပျဥ်းမနားမြို့၊ ကန်ဦးကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများအား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။