နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်များလှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဇောတိက ညောင်ပင်သာရွာလည်ကျောင်းတိုက်ရှိ သံဃာတော်များ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြားစားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥများကို ဒေသအလိုက် ထောက်ပံ့ကူညီ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

Post Paragraph