နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၀၃ ဒသမ ၄၂၅ သန်း အကုန်အကျခံကာ ကျိုင်းတုံမြို့နယ် မိုင်းပန်လယ်အုပ်စု ယန်းလုံ-ဝမ်ဖြတ်-ဟိုနား ကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်းနှင့် ကျောက်ဖြုန်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက် မြေသားလမ်း (၇/၃)မိုင်ပေါ်မှ (၃/၀)မိုင်အား မြေသားလမ်း တာချဲ့ခြင်း၊ ကျောက်ဖြုန်းခင်းခြင်းလုပ်ငန်းနှင့် Box Culvert ခြောက်စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် စိန်လင်းကြည်ကုမ္ပဏီမှ ၂၀၂၂ ခုနှစ် ဇွန်လတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများသည် ကျိုင်းတုံမြို့သို့ အချိန်တိုအတွင်း ကူးလူးသွားလာနိုင်မည်ဖြစ်ပြီး ဒေသအတွင်း ထွက်ကုန်များ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။