ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ဘားအံ သြဂုတ် ၁၇
    နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိသည်။
    ယင်းသို့ လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဝန်ထမ်း များသည် ဘားအံမြို့ အမှတ်(၅) ရက်ကွက် လှဂုဏ်ရည် သီလရှင်စာသင်တိုက်ရှိ သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Post Paragraph