နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းများဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင်  ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သော ဘဏ္ဍာရေးစည်းမျဉ်း အထူးသင်တန်းအမှတ်စဉ်(၃၁)နှင့် ပစ္စည်းထိန်းသင်တန်းအမှတ်စဉ်(၈) သင်တန်းများဖွင့်ပွဲ အခမ်းအနား ကို ၁၄-၂-၂ဝ၂၂ ရက်နေ့ နံနက် ဝ၈:၃ဝ နာရီအချိန်တွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူအင်အား  ၁၂၅ ဦးတို့ တက်ရောက်ခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အဆင့်ဆင့်သော ဝန်ထမ်းများအား အရည်အသွေးထက်မြက်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရားပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်ထားသော အတတ်ပညာများကို လက်တွေ့ နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှ အားကိုးရသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်  ရည်ရွယ်ပြီး အဆိုပါ သင်တန်းများကို ၁၄-၂-၂၀၂၂ ရက်နေ့မှ ၂၅-၃-၂၀၂၂ ရက်နေ့ထိ  ရက်သတ္တ ၆ ပတ်ကြာ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph