မတ်လ ၁၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၃၂ ဒသမ ၅၀၅ သန်းဖြင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နမ့်ဆန်မြို့နယ်၊ လီလုကျေးရွာနှင့် မန်ဝိန်းကျေးရွာအကြား ဆက်သွယ်ထားသည့် မန်လွယ်ချောင်းကူး ကွန်ကရစ် တံတား (၉၅' × ၁၂') တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် အဖွဲ့သည် ယနေ့တွင် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ တံတား၏ ယခင်က တည်ဆောက်ထားရှိမှုမှာ (၉၅' × ၁၂') သစ်သားတံတားဖြစ်ပြီး နှစ်ကာလကြာမြင့်လာမှုကြောင့် ကြမ်းခင်းများနှင့် လက်ရမ်းများ ဆွေးမြေ့ပျက်စီးနေမှုတို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ တင်ပြချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ (၉၅' × ၁၂') ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။