နေပြည်တော်၊ ဩဂုတ် ၂၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)တွင် ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ညနေ ၁၇၀၀ နာရီတွင် ကျင်းပခဲ့ပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အတွက် မန်ဂျန်းရှား ၃၀၀ ပင်အား စုပေါင်းစိုက်ပျိုးရာ ယခုနှစ် မိုးရာသီကာလအတွင်း ရတနာ တန်းဝင်ကျွန်း ၁၃၀၀ ပင်နှင့် မန်ဂျန်းရှား ၃၀၀ ပင် စုစုပေါင်း ၁၉၀၀ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ စုစုပေါင်း ၃၀၀ ဦးတို့ တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်