နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရေဖြူမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးသောင်းစိန်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရေးမြို့နယ် ဖလံချောင်းဝ-ကမ်းနီ-အိုင်ရှည်လမ်းတွင် ကတ္တရာလမ်း တစ်မိုင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ် ၁၆၉ ဒသမ ၁၆၅ သန်းဖြင့် လမ်းအရှည် ခြောက်မိုင်အနက် တစ်မိုင်ကတ္တရာခင်းခြင်းလုပ်ငန်းမှာ ယခုအခါ ၈၀ ရာခိုင်နှုန်းပြီးစီး နေပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။
Post Paragraph
Paragraph Images