နေပြည်တော်၊ ဇန်နဝါရီလ ၂ ရက်
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားများဖြစ်သည့် ကံစမ်းမဲ ဖွင့်ဖောက်ခြင်း၊ နိဗ္ဗာန်ဈေး (စတုဒိသာ) ကျွေးမွေးဧည့်ခံခြင်းနှင့် တေးသီချင်းသီဆိုပြိုင်ပွဲတို့ကို ယနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဇနီး၊ ဗိုလ်ချုပ် ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းမိသားစုများ ပျော်ရွှင် စွာတက်ရောက် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ ကံစမ်းမဲဖွင့်ဖောက်နေမှုကို ကြည့်ရှု အားပေးခဲ့ပြီး ကံစမ်းမဲပေါက်ကြသည့် ဝန်ထမ်းများကို ဆုမဲပစ္စည်းများအား လက်ဝယ် အရောက်ပေးအပ် ခဲ့သည်။ ယင်းနောက် ဝန်ထမ်းမိသားစုများ၏ နိဗ္ဗာန်ဈေး(စတုဒိသာ) ပွဲတော်၌ အမယ်စုံလင်စွာ ကျွေးမွေး ဧည့်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်းများနှင့် အတူတကွ သုံးဆောင်ခဲ့ကြပါသည်။
၎င်းနောက်ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနစုပေါင်းအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ယနေ့ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းမှာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်း များအနေဖြင့် အပန်းပြေပျော်ရွှင်စေရန်နှင့် နှစ်သစ်တွင်စိတ်ခွန်အားသစ်များ ရရှိနိုင်စေရန်အတွက် လည်းကောင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲ ကြသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ နှစ်သစ်အခါသမယမှစ၍မိမိတို့အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကျရာအခန်းကဏ္ဍအသီးသီးမှ ညီညွှတ်စွာဖြင့် ဝိုင်းဝန်း လက်တွဲ၍ ဆက်လက်အောင်မြင် အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ဝန်ထမ်းမိသားစုများ၏ ပျော်ရွှင်စွာ တေးသီချင်းသီဆိုပြိုင်ပွဲဝင်နေမှုအား ကြည့်ရှုအား ပေးခဲ့ပြီးဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကျင်းပ
Post Paragraph
Paragraph Images
video-upload