အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် အိန္ဒိယသံရုံး၏ ဆက်ဆံရေးတာဝန်ခံအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၃၁
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်အား ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၏ ဆက်ဆံရေးတာဝန်ခံဖြစ်သူ Ms. Amrita Banerjee သည် ယနေ့နံနက်  (၁၁:၀၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထို့သို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်ဝတ္တရားများ၊ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့်  လမ်း/တံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Post Paragraph