အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လပွတ္တာမြို့ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းဖွင့်ပွဲကျင်းပ

လပွတ္တာ၊ အောက်တိုဘာ ၂၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လပွတ္တာမြို့အမျိုးသမီးအိမ် တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ် စဉ်(၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀)နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
    အခမ်းအနားတွင်လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မျိုးညွန့်မှ သင်တန်းဖွင့် အမှာ စကားပြောကြားရာတွင် ယခုလို အိမ်တွင်းမှုကျောင်းများ ဖွင့်လှစ်ပေးထားခြင်းဖြင့် နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသူများအနေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်ဝတ်စား ဆင်ယင်မှုများ၊ ကိုယ်ပိုင်လက်မှုအတတ်ပညာများဖြင့် မိမိဘဝ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျ ဆောင် ရွက်နိုင်မှာဖြစ်ကြောင်း၊ ယင်းအသိပညာအတတ်ပညာများဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်း သော တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်တို့ဖြင့် မိမိတို့အမျိုးသားယဉ်ကျေးမှုကို တန်ဖိုးထား လေးစားမြတ် နိုးတတ်သော အမျိုးသမီးကောင်းများစွာ ပေါ်ထွက်စေခဲ့ပြီး လက်မှုအတတ်ပညာများကို မိမိဒေသ အလိုက် လက်ဆင့်ကမ်း ဖြန့်ဝေစေခြင်းဖြင့် တိုင်းရင်းသူလေးများ၏ ဘဝကိုအလှဆင်ပေးသကဲ့သို့ နယ်စပ်ဒေသအသီးသီးကိုလည်း အကျိုးပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။
    ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာများက သင်တန်းသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်း ခေတ်မီဒီဇိုင်း လက်ရာများကို  ကြည့်ရှုခဲ့ကြသည်။
    အဆိုပါ သင်တန်းသို့သင်တန်းသူ(၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph